1. Home
  2. /
  3. Health Tips
  4. /
  5. Everything You Need To Know About...

Everything You Need To Know About Natural Child Birth

“လူတိုင်းယုံကြည် ရွေးချယ်ရာ ပန်းလှိုင်စီလုံဆေးရုံပါ”

မိဘတိုင်းက မွေးဖွားလာမယ့် ကိုယ့်ရဲ့ရင်သွေးလေးတွေကို အကောင်းဆုံး ဆိုတာတွေပဲ ပေးချင်ကြတာပါ။ ရင်သွေးလေး မိခင်ဝမ်းကြာတိုက်မှာ ရှိကတည်းက မွေးဖွားလာမယ့် ရင်သွေးလေးအတွက် အကောင်းဆုံး ဆေးဝါးတွေ ၊ အကောင်းဆုံး အစားအသောက်တွေနဲ့ အပြုအမူ အနေအထိုင်ကအစ အသေးစိတ်ဂရုစိုက်ကြပါတယ်။ ရင်သွေးလေး ကောင်းကောင်းမွန်မွန် အဆင်ပြေပြေ မွေးဖွားလာနိုင်ဖို့ အတွက်လည်း ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုသာ မျှော်လင့်ကြပါတယ်။

ရင်သွေးငယ်လေးကိုမွေးဖွားဖို့ရာ နည်းလမ်း (၂)သွယ်ရှိပါတယ်။
ရိုးရိုးမွေးဖွားခြင်းနှင့် ခွဲမွေးခြင်းတို့ ဖြစ်ပါတယ်။

“ ရိုးရိုးမွေးဖွားခြင်းဆိုသည် မှာ မည်သည့်ဆေးဝါးအကူမျှမပါဘဲ မွေးလမ်းကြောင်းမှတဆင့် ကလေးမွေးဖွားခြင်းကိုဆိုလိုပါတယ်။”

ရင်သွေးငယ်ကို ရိုးရိုးမွေးဖွားခြင်းဖြင့် မိခင်ရောကလေးပါ ရရှိမည့် အားသာချက်များမှာ~~~

• ရိုးရိုးမွေးဖွားခြင်းသည် သဘာဝနည်းလမ်းဖြစ်ပါတယ်။
• မည်သည့်ဆေးဝါးအကူမျှမလိုပါ။
• ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိစေပါတယ်။
• ဆေးရုံတက်ရသည့် ရက်တိုတောင်းစေပါတယ်။
• မြန်မြန်နေပြန်ကောင်းနိုင်ပါတယ်။
• နာကျင်မှု လျော့နည်းစေနိုင်ပါတယ်။
• ကလေးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်နည်းမည်။
• ရိုးရိုးမွေးခြင်းဖြင့် ကလေးအဆုတ်ညှစ်အားကိုကောင်းစေမည်။
• ကလေး၏အဆုတ်တွင်အောက်ဆီဂျင် ပြတ်လပ်သည့်အတွက်ကြောင့်ဖြစ်ရသည့် “Persistent Pulmonary Hypertension” ရောဂါ အဖြစ်နည်းမည်။
• မိခင်၏မွေးလမ်းကြောင်းရှိ အကျိုးပြုပိုးမွှားလေးများနှင့် ထိတွေ့ ခဲ့ရသေကြောင့် ကလေးတွင် ပန်းနာရင်ကြပ်၊ အစာဓာတ်မတည့်ခြင်းများ၊ နို့ မှုန့် မတည့်ခြင်းများ (Lactose intolerance) အဖြစ်နည်းမည်။
• နောက်ကိုယ်ဝန်တွင် မွေးဖွားချိန် ပိုတိုတောင်းမည်။
• ရိုးရိုးမွေးထားတဲ့ မိခင်များမှာ ခွဲမွေးထားသောမိခင်များထက် ရင်သွေးငယ်ကို ချက်ချင်းမိခင်နို့ ထိရောက်စွာနှင့်ချက်ချင်း တိုက်နိုင်ပါသည်။
• မွေးပြီးပြီးချင်း ကလေးနှင့် ချက်ချင်းထိတွေ့ နိုင်သည့်အတွက် ပိုမိုရင်းနှီးမှုရနိုင်ပါသည်။
• မိခင်တွင် မွေးပြီးသွေးသွန်ခြင်း၊သွေးခဲခြင်းများ အဖြစ်နည်းမည်။

ရိုးရိုးမွေးဖွားဖို့ အတွက် ပန်းလှိုင်စီလုံဆေးရုံကြီးမှာ ဘယ်လို Package တွေရှိလဲ။

ပန်းလှိုင်စီလုံဆေးရုံကြီးမှ ကိုယ်ဝန်ဆောင်မိခင်လောင်းများကလေးမွေးဖွားခြင်းအတွက် အကောင်းမွန်ဆုံးသော Maternity Package (၂ညအိပ်၃ရက်) များကို အခန်းအမျိုးအစားပေါ်မူတည်၍ Package (A) မှ Package (D) အထိ Package (4) မျိုး စီစဉ်ထားရှိပါတယ်။

မိမိတို့ရွေးချယ်ထားသော သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီးနှင့် တိုင်ပင်ကာ ရိုးရိုး မွေးဖွားနိုင်ပါတယ်။

Package A – Grand Suite – 720,000 MMK (ရိုးရိုးမွေးဖွားခြင်း)
Package B – Deluxe Suite – 550,000 MMK (ရိုးရိုးမွေးဖွားခြင်း)
Package C – Standard – 380,000 MMK (ရိုးရိုးမွေးဖွားခြင်း)
Package D – Double – 330,000 MMK (ရိုးရိုးမွေးဖွားခြင်း)

ပန်းလှိုင်စီလုံဆေးရုံကြီး၏ Maternity Package များမှာ မိခင်များ ကလေးမွေးဖွားစဉ်နှင့် ဆေးရုံ တက်နေစဉ်အတွင်း စုစုပေါင်း ကုန်ကျစရိတ်များကို လွယ်ကူအဆင်ပြေစွာ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရန်သာဖြစ်ပါတယ်။

ကလေးရိုးရိုးမွေးဖွားဖို့ ဘာကြောင့် ပန်းလှိုင်စီလုံဆေးရုံကို ရွေးချယ်သင့်တာလဲ။
ကိုယ်ဝန်ဆောင်မိခင်များရိုးရိုးမွေးဖွားဖို့ အတွက် ပစ္စည်း ကိရိယာ စုံလင်ပြီး စနစ်တကျ ပိုးသတ်ထားသော သားဖွားခန်းများရှိခြင်း၊
မွေးဖွားခါနီးအရေးပေါ် ဖြစ်ခဲ့လျှင်လည်း အရေးပေါ်ဌာန (၂၄)နာရီ အချိန်ပြည့်ရှိခြင်း နှင့်
သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ သားဖွားသူနာပြုများ (၂၄) နာရီ အချိန်ပြည့် ရှိနေပြီး Multi-Disciplinary Team-Based Model (ဌာနအသီးသီးမှ ဆရာဝန်များ၏ ပူးပေါင်းကုသမှု) ဖြင့် ၀န်ဆောင်မှုပေးနေပါတယ်။

• ကျွမ်းကျင်သူနာပြုဆရာမများမှ မွေးဖွားပြီး မိခင်လောင်းများအတွက် လိုအပ်သော လေ့ကျင့်ခန်းများ ပြုလုပ်သင်ကြားပေးခြင်းအပြင် ရင်သွေးငယ်အား စနစ်တကျပြုစုတတ်ရန်နှင့် စနစ်တကျ နို့ချိုတိုက်ကျွေးတတ်ရန်လည်း သင်ကြားပေးပါတယ်။

• ပြန်လည်သန်စွမ်းရေးဌာနရှိ ကျွမ်းကျင်ဝန်ထမ်းများမှ မွေးဖွားပြီးမိခင်များ၏ ခန္ဓာကိုယ် အသားအရေများ ပြန်လည်တင်းရင်းလာစေရန် လိုအပ်သော လေ့ကျင့်ခန်းများ ပြုလုပ်သင်ကြားပေးခြင်း။

• မိခင်နှင့်ရင်သွေးငယ်အတွက် (ABO/Rh Grouping) သွေးစစ်ဆေးခြင်း၊ မိခင်အတွက်သွေးစစ်ဆေးခြင်း (Blood for CP)၊ ရင်သွေးငယ်အတွက် သွေးစစ်ဆေးခြင်း (G6PD) ကိုလည်း ပြုလုပ်ပေးပါတယ်။

• မိခင်လောင်းများ ရင်သွေးလေးကို မွေးဖွားပြီးနောက်ပိုင်း Rooming In (မိခင် နှင့် အတူတူအခန်းထဲတွင်ထားရှိခြင်း) ဖြင့် လည်းရင်သွေးလေးကို ပြုစုစောင့်ရှောက်နိုင်ပါတယ်။

အကယ်၍ မွေးကင်းစကလေးများ အရေးပေါ်အသက်ကယ်ဖို့ ရန် လိုအပ်ခဲ့လျှင်လည်း အရေးပေါ်အသက်ကယ်ပစ္စည်းများ အစုံအလင် ပြည့်စုံသော Baby Care Unit ရှိခြင်းတို့ ကြောင့်ပန်းလှိုင်စီလုံဆေးရုံကို ရွေးချယ်သင့်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများ အတွက် ကျန်းမာရေး ပညာပေး Talk များ၊ စိတ်ဝင်စားစရာ Activity များ ပါဝင်သည့် Antenatal Class များ ကိုလည်း လစဉ် အခမဲ့ ကျင်းပပေးလျက်ရှိပါသည်။

သာယာလှပ စိန်းလန်းစိုပြေသော ပတ်ဝန်းကျင်တွင် ၂၄ နာရီ ၇ ရက်ပတ်လုံး အရည်အသွေးပြည့်မီသော အထူးကု ဆရာဝန်ကြီးများ ၊ ဆရာမများ ၊ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံစိတ်ချရသော JCIA အသိအမှတ်ပြု နိုင်ငံတကာ အဆင့်မီကျန်းမာရေးစောင့်ရှောက်မှုကို ခံယူကာ မိမိတို့ရဲ့ အဖိုးအတန်ဆုံး ရင်သွေးလေးကို အကောင်းဆုံးတွေနဲ့ ကြိုဆိုဖို့ ပန်းလှိုင်စီလုံဆေးရုံကြီးကိုသာ ရွေးချယ်လိုက်ပါ။

ပန်းလှိုင်စီလုံဆေးရုံ (လှိုင်သာယာ)
ဖုန်းနံပါတ် ၀၁ – ၃၆၈ ၄၃၂၃၊ ၀၁ – ၃၆၈ ၄၃၂၅၊ ၀၉ – ၄၂၁ ၀၄၂ ၆၇၉
လိပ်စာ – ပန်းလှိုင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။